ငါ..နင့်ကိုချစ်တယ်ဆိုတာ
ငါ့အနားမှာ...
နင့်အမြဲ ရှိတာ၊မရှိတာထက်
ငါ့အတွက် နင့်ရှိနေတယ်ဆိုတဲ့ အသိလေးက ရင်ထဲမြတ်နိုးစွာကျေနပ်သွားစေချင်တယ်လေ....။
.................
ငါ...နင်ကိုချစ်တယ်ဆိုတာ
ငါ့အပေါ် ဆိုးပြီအနိုင်ယူလွန်းတယ်ဆိုတဲ့
အတွေးလေးထက်
အရှုံးပေးချစ်ခဲ့တာကိုပဲ ငါကျေနပ်ပျှော်ရွှင်နေခဲ့ရတာလေ..။
...................
ငါ...နင်ကိုချစ်တယ်ဆိုတာလေ
စကားလုံးတွေနဲ့ ဖော်ပြဖို့ မလုံလောက်ပါဘူး
ရင်ဘတ်ထဲက နှစ်နှစ်ကာကာအမြစ်စွဲနေတာမို့ 
နင့်သိတာထက်...အများကြီးလေးနက်ခဲ့ရပါတယ်.............။
No comments:
Post a Comment