Monday, 13 July 2015

ချစ်သူ မမေးပေမယ်

ချစ်သူ မမေးပေမယ်
ငါပြောလိုက်တယ်
အရမ်းချစ်တယ်လို့ 

ချစ်သူမထွေးပွေ့ထားပေမဲ့
ငါ ခံစားမိတယ်
အရမ်းနွေးထွေးတယ်လို့ 

ချစ်သူကအကြင်နာတု
တစ်ခုပေးခဲ့ပေမယ်
ငါပြန်ပေးခဲ့တယ်
ရင်ထဲက အချစ်တွေအားလုံးကိုလေ

ချစ်သူ မလိုအပ်ပေမယ်
ငါဖြည့်ဆည်းပေးတယ်
အစွမ်းစရှိသလောက်
တတ်နိုင်တာတွေကိုလေ

ချစ်သူထွက်သွားတော့လည်
ငါ...မတားမိခဲ့ဘူး
သူထားရစ်ခဲ့တဲ့နေရာမှာပဲရှိနေမယ်
သူအမှတ်တမဲ့လှည့်ကျရင်
မြင်နိုင်အောင်လို့ လေ..............

No comments:

Post a Comment