Wednesday, 15 July 2015

ဟာလာ....ဟင်းလင်းပဲ

အရာရာမြင်သမျှက
စိတ်ထဲမှာ...တော့
ဟာလာ ဟင်းလင်း
ဟာလာ......ဟင်းလင်းကြီးပဲ....

ပိုင်ဆိုင်ချင်တဲ့ အရာလည်း မရှိတော့ဘူး...
ဆုံးရှုံးစရာလည်း နောက်ထပ်နှလုံးသားမရှိတော့ဘူး...
ကိုယ်မပိုင်တာတွေ အတွက်
ဆုံးရှုံးမှာလည်း မကြောက်တတ်တော့ဘူးကွာ.............။

ပုံသေ
တွက်ချက်လို့  မရခဲ့တော့
ပုံသေနည်းတွေလည်း
ကျက် မှတ် မနေချင်တော့ဘူးဟ......

ဒီအတိုင်းလေးပဲ
ငါ့စိတ်
မပြောင်းမလဲ ရှိချင်တယ်
ငါ မပူလောင်၊ မခံစားတတ်ချင်တော့ဘူး
ပုံသေ အဖြစ်ပဲ ရှိချင်တော့တယ်..................။

............................................................................

No comments:

Post a Comment