Saturday, 11 July 2015

မောင်နဲ့ အတူ မခွဲမခွာ အမြဲရှိချင်မိတယ်....။

မောင်....ငါက လိမ္မာတဲ့သူတော့
မဟုတ်ဘူး...
ဒါပေမဲ့......
မောင် အလိုကျ အရုပ်တရုပ်တော့ ဖြစ်ချင်တယ်...


မောင်.....ငါက ဟာသတော့မလုပ်တတ်ဘူး..
ဒါပေမဲ့
မောင်ရယ်မောအောင်
ဖန်းတီး ဆက်သပေးနိုင်တဲ့
လူရွှင်တော် ဖြစ်ချင်တယ်......


မောင်...ငါက လေပြေတော့ မဟုတ်ခဲ့ပါဘူး
ဒါပေမဲ့
မောင်ကို အေးချမ်းအောင်လုပ်ပေးတဲ့
လေပြေလေတော့ ဖြစ်ချင်တယ်...

မောင်.....ငါက အတ္တတော့ မရှိဘူး
ဒါပေမဲ့ ...
မောင့်နဲ့အတူ အိပ်မက်မက်ပီး
လှပတဲ့ အနာဂတ်တစ်ခုမှ
အတူတူ တည်ဆောက်ဖို့ တော့
မ၀ံမရဲ မျှောက်လင့်ထားခဲ့တယ်..........

မောင်နဲ့ အတူ မခွဲမခွာ အမြဲရှိချင်မိတယ်....။

No comments:

Post a Comment