အချိန်တိုင်းကို စဉ်းစားနေရတာ
လွမ်းဆွတ်မိနေတဲ့
ဦးနှောက်တွေလဲ
ဘာအကြံအစည်းမှ
မထွက်နိုင်တော့အောင်
ခြောက်ခမ်းကုန်နေခဲ့ရပြီး......။
ဝေးရမဲ့ အကြောင်းတရားတွေကို
ဆန်ု့ကျင့်ဘက်ပြု...
ဆက်ချစ်နေမိခဲ့တာ ငါပါ...............
နင့်နှလုံးသားလည် ငါဘက်မှာရှိနေပေးပါ...
နင့်မရှိတော့ရင် ငါ့နှလုံးသားလည်အသက်မရှိ
နိုင်တော့လို့ ပါ.............................
ဘယ်တော့မှအစားမထိုးနိုင်တာ လဲယူလို့ မရတဲ့ နေရာ
အချိန်တွေ ဘယ်လိုပဲပြောင်းလဲ ရွေ့ လျားနေပေမဲ့ 
ငါ့ရင်ထဲက အချစ်တွေက မဟောင်းမနွမ်းနဲ့ 
နေရာလေးတစ်ခုက နင့်တစ်ယောက်ထဲအတွက်ပါ.......
ပျော်ရွှင်မှုတွေကို ပေးစွမ်းနိုင်သူ
ငါနှလုံးသားပြန်လည်ရှင်သန်ပေးနိုင်သူ
ငါ့ ဘ၀ စာမျက်နှာမှာ အချစ် ဆိုတဲ့ "စာတမ်း "ကို
ငါနှလုံးသားတည့်တည့် နင့် ရေးထိုးခဲ့တယ်လေ....ချစ်သူ....။
No comments:
Post a Comment