Tuesday 9 June 2015

ချစ်တယ်.....

နင်ရှင်သန်နေထိုင်ရာ

ဒီကမ္ဘာမြေပြင်ကို ချစ်တယ်...

နင်ရှိုက်သွင်းတဲ့

လေညင်းလေးလည်း ချစ်တယ်...။

နင်ခိုလှုံရာ

အိမ်အိုလေးကို ချစ်တယ်...

နင်စီးနေကျ

ဆိုင်ကယ်လေးလည်း ချစ်တယ်...။

နင်ဖြတ်သန်းရာ

လမ်းများစွာ ချစ်တယ်...

နင်ထိုင်နေကျ

ထိုင်ခုံလေးတွေလည်း ချစ်တယ်...။

နင်တီးနေကျ

ဂစ်တာအိုလေးလည်း ချစ်တယ်...

နင်သဘောကျတဲ့

သီချင်းလေးတွေကိုလည်း ချစ်တယ်...။

နင့်အကျင့်စရိုက်လေးကို ချစ်တယ်...

နူးညံ့ညင်သာတဲ့

နင့်စကားသံလေးတွေကို ချစ်တယ်...။

နင့်စိတ်ဓာတ်လေးကို ချစ်တယ်...

တစ်မိုးအောက်မှာ နေရာဒေသမတူလဲ

နင်ရှိနေတယ်ဆိုတဲ့ အသိနဲ့ 

လောကကြီးကိုလဲ ချစ်တယ်.....။

အနှိုင်းမဲ့ အချစ်များစွာနဲ့

နင်ကို အရမ်းချစ်တယ်....ချစ်သူ...။


(မှတ်ချက်...ချစ်သူအတွက်ရေးစပ်ထားပါသည်..)

ထာဝရ
31.8.2013

No comments:

Post a Comment