Thursday 11 June 2015

နင့်အတွက်မလိုဘူးဆိုရင်

နင့်အတွက်.....ငါမလိုအပ်ဘူးဆိုရင်

ငါဘေးထွက် နေပေးပါ့မယ်....

ငါကြောင့်...နင့်စိတ်မညစ်စေရပါဘူး...။

နင့်အနားမှာ မနေစေချင်တော့ဘူးဆိုရင်

ငါနင့်နားဘေးကထွက်သွားပေးပါမယ်

ငါအတွက်နဲ့ ...နင့်စိတ်မညစ်စေရပါဘူး...။

နင့် နှလုံးသားက ချစ်နေခဲ့တာ မဟုတ်ဘူးဆိုရင်

ငါနှုတ်ဆိတ်စွာ စွန့် လွတ်ပေးပါ့မယ်

ငါအချစ်အတွက်နဲ့  နင့်ဘ၀အဟန့်အတား

မဖြစ်စေရပါဘူး........။

ငါမရှိတဲ့ဘ၀လေးမှာ..နင့်အေးချမ်းပါစေ...........။

No comments:

Post a Comment