Thursday 11 June 2015

အတိုင်းမသိလွမ်းတယ်ကွယ်

နင့်သဘောကျတဲ့ သီချင်းလေးတွေကိုခပ်တိုးတိုးဖွင့်ရင်
နင့်ဆက်သွယ်လာဖို့ စောင့်နေမိတယ်
နင့်ငါကိုဆက်သွယ်ဖို့ များမေ့နေသလားချစ်သူ........

ကွန်ပျူတာရှေ့ ငေးငေးငိုင်ငိုင်ထိုင်းရင်း
အပြန်အလှန် ချက်ထားတဲ့ စာတွေအလွမ်းပြေဖတ်ရင်
နင့်တတ်လာဖို့  စောင့်နေမိတယ်...
နင်ငါကိုသတိမရတော့တာလားချစ်သူ.......

ညတိုင်းဝရံတာရှေ့ထွက်ရပ်ရင်
ဖြတ်သွားဖြတ်လာစုံတွဲလေးတွေကို မြင်တဲ့အခါတိုင်း
နင့်အကြောင်း စဉ်းစားမိလို့ သက်ပြင်းသဲ့သဲ့ချ
နင့်တမင်များ ပစ်ထားသလားချစ်သူ...........ရယ်.

No comments:

Post a Comment