Friday 5 June 2015

သူကပြောတယ်

သူကပြောတယ်...ကျနော်ကို မေ့သွားပြီထင်တာတဲ့

ဟုတ်တယ်........ကျနော်မေ့သွားခဲ့တယ်

ကျနော်...ပို့ ပို့ နေကျ...messaing တွေကိုတစ်ခွန်းမှ

မတုန့် ပြန်တတ်ဘူးဆိုတာကိုပေါ့..........။ ။

သူကပြောတယ်....နင့်အရမ်းစိတ်ညစ်နေတာသလားတဲ့

ဟုတ်တယ်.....ကျနော်စိတ်ညစ်နေတယ်

ကျနော်ကို...သံယောဇဉ်ကြိုးလေးနဲ့မလှုပ်နိုင်အောင်ချည်ခဲ့ပြီ

သူနဲ့ မသက်ဆိုင်တော့သလို ....သူမျက်နှာလွဲခဲ့လို့ ....။ ။

သူပြောခဲ့တယ်....အချိန်မပေးနိုင်တာခွင့်လွတ်ပါတဲ့ 

ဟုတ်တယ်.....ကျနော်ခွင့်လွတ်ခဲ့တယ်

ကျနော်ဘ၀ကိုယောင်တိယောင်ချာဖြစ်အောင်

လမ်းခုလတ်မှာ....ထားရစ်ခဲ့တဲ့သူကို

ခွင့်လွတ်ပါတယ်လို့ ....မပြောခဲ့ရင်...ကျနော်ဘာများထပ်ပြောနိုင်မလဲ

ဘယ်လိုတွေပဲဖြစ်ဖြစ်...သူက ကျနော်ရဲ့ခွင့်လွတ်ကြင်နာခြင်းတွေ

ရယူထားတဲ့....ကျနော်အရမ်းချစ်ခဲ့ရတဲ့သူတစ်ယောက်မို့ လို့ လေ.....။

No comments:

Post a Comment