Friday 5 June 2015

နင်သိအောင်...

ငါ့ရဲ့ အလွမ်း နင်မမြင်အောင်
ငါသိမ်းထားမယ်...

ငါငိုနေတာ နင်မမြင်အောင်
ငါခိုးလို့ ငိုမယ်...

ငါရင်နာ နေတာ နင်မမြင်အောင်
နင့်အရှေ့မှာ..ငါရယ်မောပြပါမယ်...

ငါဘ၀ ရည်မှန်းချက်တွေ
ပျောက်နေတာ နင်မမြင်အောင်
ငါအရာရာ အကောင်းဆုံးပဲလို့ 
နင်ကြားအောင်ငါလုပ်ပေးမယ်...

ငါဟာ နင့်ကို သိပ်ချစ်လို့ အရာရာ ရှုံးပြီဆိုတာလဲ

နင်သိအောင် ငါမပြောချင်တော့ပါဘူး..ချစ်သူ

ငါလိုချင်တာ....နင်ပျှော်ရွှင်နေတာတစ်ခုတာပါ.....။

ထာဝရ
14.9.2013

No comments:

Post a Comment