Friday 5 June 2015

စိတ်ကောက်နေတဲ့ကောင်လေးနဲ့ကောင်မလေး +

ကောင်မလေး
=========
စိတ်ကောက်နေတဲ့...နင်ကို
စိတ်ဆိုးပြေပါစေတော့လို့ 
တိုးတိုးလေးဆုတောင်းနေမိတယ်...
နင်မရှိရင်...မနေတတ်ဘူးလေ
နင်ရက်စက်လိုက်မှာလဲ..အရမ်းကြောက်တယ်
နင့်ကို မတွေ့ ရတဲ့အချိန်တွေ
လွမ်းတဲ့အကြောင်းတွေကို
တစ်ထောင်တစ်ညပုံပြင်လို ပြောပြချင်မိတယ် ။ ။(သဲသွယ်)

ကောင်လေး
========
နင်နဲ့ငါကြား
အရာရာပြည့်စုံစေချင်ပါတယ်
လိုအပ်ချက်တွေကြောင့်များ
ဟာကွက်ကိုလက်ထောက်လို့
အမုန်းဘက်အားပါ
ငါ့ကိုထားသွားမယ်ဆို
ငါသေသွားလိမ့်မယ်
စိတ်ဆိုးပြေပါတော့ ။ ။(naypyitaw+ကောင်းမလေး)

No comments:

Post a Comment