Thursday, 11 June 2015

ဝမ်းနည်းတတ်ပေမဲ့.............

ငါအနား အတူမနေပေးနိုင်တဲ့

နင့်ကို စိတ်ဆိုးတယ်

ဒါပေမဲ့.....

ငါအချစ်လျှော့မသွားခဲ့ဘူး....။

စကားပြောတဲ့အခါ

ပြတ်တောက်ပြတ်တောက် ဖြစ်ဖြစ်နေတဲ့

နင့်ကို စိတ်ပျက်တယ်

ဒါပေမဲ့.....

ငါနင့်ကို မျှော်နေတတ်တာအကျင့်ပျက်မသွားခဲ့ဘူး...။

ငါကို ပစ်ပစ်ထားတဲ့

အတွက်ဝမ်းနည်းတယ်

ဒါပေမဲ့.....

နင့်ကိုစိတ်ပူစိုရိမ်းတတ်တာ ပျောက်ကွယ်မသွားခဲ့ဘူး..။

ချစ်သူ

ငါအတွေးထဲမှာ

ငါစိတ်ကူးအိပ်မက်တွေမှာ

အချိန်ပြည့်နင့်ပုံရိပ်ရှိနေတယ်ကွယ်.....။

No comments:

Post a Comment