Thursday 11 June 2015

ဘယ်သူပိုရူးသွပ်နေတာလဲ...?

နင့်က ပေါ့ပျက်ပျက်နဲ့  လေလွင့်သူ

ငါက နင့်ကို ရူးအောင်ချစ်မိသူ

နင့်က သံသယများစွာနဲ့ 

သူငယ်ချင်းတွေ ဆက်ဆံတတ်သူ

ငါက မိုက်မဲစွာ နင့်ကိုတွယ်တာသူ

နင့်က သူများရဲ့နှလုံးသားကိုချိုသာစွာလှည့်စား

စနောက်ရင် ပျှော်ရွှင်တတ်သူ

ငါက ဒါကိုသိသိနဲ့  နင့်ကိုစွန့် မလွတ်နိုင်ခဲ့သူ...

ကဲ....

ဘယ်သူပိုရူးသွပ်နေတာလဲ....ချစ်သူ..............။

No comments:

Post a Comment