Tuesday 9 June 2015

ရှိခဲ့သော်...

တောင်းပန်ပါတယ် ဆိုတဲ့စကား..
အမြဲတမ်း ပြောခွင့်ရှိပါတယ်.........။

ဒါပေမဲ့....
တောင်းပန်ပါတယ် ဆိုတဲ့စကားကို
ခဏခဏ မသုံးပြုရအောင်
မလုပ်ပါနဲ့..ယုံကြည်မှုတွေ
ပျှောက်ဆုံးသွားမှာ စို့ လို့ ပါ.....။

ချစ်ပါတယ် ဆိုတဲ့ စကား....
အမြဲတမ်း ပြောလို့ရပါတယ်...။

ဒါပေမဲ့......
ချစ်ပါတယ် ဆိုတဲ့စကား
အမြဲတမ်းပြောလို့ ရပါတယ်
ဒါပေမဲ့...
ကိုယ့်ရဲ့ စကားတိုင်းကို ဂရုစိုက်ပါ...
အဲ့ဒီမှာ ငါတို့ အနာဂါတ်တခုလုံးရှိနေလို့ ပါ...။

ဂတိပေးပါတယ်ဆိုတဲ့ စကား....
လိုအပ်သလောက် သုံးစွဲလို့ရပါတယ်..။

ဒါပေမဲ့
ဂတိတွေ အထပ်ထပ်မပေးလဲရပါတယ်
ပေးခဲ့တဲ့ တစ်ခွန်းတည်ကိုတော့
အမြဲတမ်းလေးစားဂုဏ်ယူရအောင်
တည်ပေးပါ........ချစ်သူ..........................။

No comments:

Post a Comment