Tuesday 9 June 2015

ချစ်တာလေးတွေ

သူငယ်ချင်း.. ဆိုတဲ့ စကားလေးကို ကျနော်မြတ်နိုးတယ်
တို့ နှစ်ယောက် ပြောမနာဆိုမနာရင်းနှီးခင်မင်မှုကို ပေးလို့ လေ...။

နားလည်မှု ..ဆိုတဲ့ ကိုစကားလုံးလေး ကျနော်တန်ဖိုးထားတယ်
တို့ နှစ်ယောက်ကြာ စိတ်တူကိုယ်တူဖြစ်အောင်
လုပ်ပေးနိုင်ခဲ့လို့ လေ...။

သံယောဇဉ်..ဆိုတဲ့ စကားလုံးလေးကို ကျနော်ချစ်တယ်
တို့  နှစ်ယောက်ကို မမြင်နိုင်တဲ့ သံယောဇဉ်
ကြိုးလေးတွေက ခိုင်မြဲအောင်ချည်နှောင်နိုင်လို့ လေ...။

No comments:

Post a Comment