Friday 5 June 2015

နင့်ရဲ့အဝေးဆုံးမှာ...ပျောက်ကွယ်သွားချင်မိတယ်....။

သတိရမှုတွေနဲ့  ...ရင်ထဲမွန်းကြပ်နေတော့မှ

ငါနင့်ကို အရမ်းလွမ်းနေပါလားလို့ သိလိုက်ရတယ်...။


အတ္တတွေ ၊ လိုချင်တပ်မက်တွေမရှိခဲ့တဲ့ငါ

နင်နဲ့ ပတ်သတ်ရင်...အတ္တကြီးချင်မိတယ်

နင်လွမ်းတာ..နင်ချစ်တာ လိုချက်မက်မောမိတယ်....။


ဒါပေမယ်...မရေရာတဲ့ ငါမျှော်လင့်ချက်တွေက

နင်စိတ်ညစ်နေရမှာစို့ လို့ 

တွေးမိတိုင်းမှာ....သက်ပြင်းတွေချချနေမိရင်

တိုးတိတ်စွာ...နင့်ရဲ့အဝေးဆုံးမှာ...ပျောက်ကွယ်သွားချင်မိတယ်....။

ထာဝရ
12.9.2013

No comments:

Post a Comment