Thursday 11 June 2015

သိရက်နဲ့ 

ငါအရမ်းသဝန်တိုတတ်တာကို နင် သိပါတယ်

နင်ဒါကို သိရက်နဲ့  ငါ့ကိုနားလည်ပေးခဲ့တာပဲ......။

ငါခလေးဆန်ပြီး ခဏခဏစိတ်ကောက်တတ်တာကို

နင် သိပါတယ်

နင်ဒါကို သိရက်နဲ့  ငါ့ကို အမြဲတမ်းချော့ပြီး အလိုလိုက်ခဲ့တာပဲ...။

ငါ နင်နဲ့ရန်ဖြစ်တိုင်း ဘယ်တော့မှ အလျှော့မပေးတတ်ဘူးဆိုတာ

နင် သိပါတယ်

ဒါကိုသိရက်နဲ့ နင်ပဲ အမြဲ ငါ့ကိုအရှုံးပေးခွင့်လွတ်ခဲ့တာပဲ..........။

ငါ နင့်ကို အရမ်းချစ်တာကို နင် သိပါတယ်..

အဲ့ဒီလိုပဲ ငါလုပ်သမျှ ဆိုးသမျှတွေကို ဘာတစ်ခုမှအပြစ်မမြင်ပဲ

နင်ငါ့ကိုအရမ်းချစ်ပေးခဲ့တာပဲ......။

အရာအားလုံး အတွက် ကျေးဇူးပါ ချစ်သူ ..ရယ်...............။

No comments:

Post a Comment