အားပေးနှစ်သိမ့်မှု လိုအပ်နေချိန်
စိတ်ညစ်စရာတွေ ကြုံကြိုက်ချိန်မှာ
ခိုလှုံဖို့  ရင်ခွင့် ပျောက်ဆုံးနေခဲ့တတ်တယ်..
နားလည်မှုနဲ့  လက်တွဲရမဲ့ ချစ်သူတဲ့လေ..
လိုအပ်တာတဲ့အခါအနားမှာမရှိ
ဝမ်းနည်းလို မျက်ရည်ကျရင်တောင်
မသိသလိုလစ်လျှူရှုခဲ့ပြီ
ဘာကိုမှ စာနာနားလည်မှုမပေးခဲ့ဘူး...
ထာဝရ အတူရှိနေပေမယ်ချစ်သူတဲ့လေ..
ဘယ်အချိန်မဆို စွန့်ပစ်လိုက်ဖို့ ၀န်မလေးခဲ့ဘူး
အားကိုးတကြီး လိုက်ရှာတဲ့အခါ မရှိခဲ့ဘူး
တစ်ခုခု တိုင်ပင်လိုက်တိုင် အပြစ်တင်တာကပထမ
ခွဲမသွားပါနဲ့  ပြောလိုက်တိုင် လှောင်ပြောင်းပြုံးနဲ့ 
ဒီလိုဆို နင်ကနင်ပြောတဲ့အတိုင်း
ငါက နင့်ချစ်သူဖြစ်ခဲ့ရဲ့လား
တစ်ချက်လောက်တောင်
အမှန်တိုင်းပြောပြပေးခဲ့ပါ.
No comments:
Post a Comment