Monday, 13 July 2015

နင့်ကို ငါမတမ်းတတော့ဘူး........

ရင်ထဲမှာတော့ မွန်းကြပ်စွာနဲ့
နင့်ကိုသတိရတိုင်း သက်ပြင်းချနိုင်ရုံကလွဲလို့ 
နင့်ကို ငါမတမ်းတတော့ဘူး........

ခံစားရခက်လို့  တိတ်တဆိတ်ငိုကြွေးခဲ့တဲ့အချိန်ရှိပေမယ်
နင့်သိအောင်.. ရင်မဖွင့်တော့ပါဘူး......


(သတိရတာတွေက နာစရာအဖြစ်ပြောင်းတတ်တယ်..
ခံရခက်တာတွေက မုန်းစရာအဖြစ်ပြောင်းတတ်တယ်..)

ဒါပေမယ်...နင်သိဖို့ က
ခဏဖြစ်ဖြစ် ၊ ကာလကြာစေဖြစ်ဖြစ် ချစ်ခဲ့ကြပြီဆိုမှတော့
ခွဲခွာခဲ့ရတယ်ဆိုရင်လည်..
ရင်ဘတ်နဲ့ရင်းပြီးလွမ်းခဲ့ရတာတွေကြီးပါပဲ
ဒါတွေအားလုံး....နင့်ကိုသိစေချင်တယ်.............။

No comments:

Post a Comment