ဇာတ်ဆရာအလိုကျ
ရုပ်သေးရုပ်လိုကပြဖို့ လေ
အချိန်ပိုင်နဲ့  နာရီစက္ကန့် တွေ
လည်းပါတ်နေသ၍တော့
ပေးဆပ်ခဲ့ရသူတစ်ယောက်မို့ 
ရေဆန်ကို ကူးခတ်နေရင်နဲ့ 
ငါ့ရဲ့ ခြေလက်တွေညောင်းခဲ့ရင်
နင့်ရဲ့ ရင်ခွင်မှာ
ခိုလှုံခွင့်လေးကိုတော့
ပေးလှည့်ပါချစ်သူ.....
========================================
နင်နဲ့ငါ့ရဲ့ဆုံတွေ့ခြင်းမှ
မာယာတွေမပါခဲ့ပါဘူးချစ်သူ….
ရင်ခုန်သံထပ်တူကျပြီး
ရင်ဘတ်ချင်းချစ်ခဲ့တာညီမယ်ထ
ရိုးရိုးလေးပါ...ချစ်သူ
နင့်ကို.....ငါကအရာရာထက်ပို
ငါ့ကိုလည်း....နင်ချစ်ခဲ့တယ
==============================
===============================
ဘ၀တစ်သက်စာထိ
တိုက်ပွဲဝင်ကြမယ်ဆိုတဲ့စိတ်
နင်နားလည်နုင်လောက်တဲ့
ကမ္ဘာဦးဘာသာစကားနဲ့
ငါပြောမိခဲ့တယ်ထင်တာပဲလေ..
ခုတော့ဘယ့်ဟာကမှားယွင်းနေလိ
နှလုံးသား နှစ်ခုက
သွေးတွေထွက်ကုန်ပြီပေါ့...
ခုလို လမ်းခွဲမှာလေ….
နင့်ရင်ထဲငါမြင်ခွင့်ရချင်တ
ငါ့ရင်ထဲမှာတော့
အလွမ်းတွေနဲ့အတူ
အချစ်ပါးပါးလေးတွေ
တွဲကပ်လျှက်ရှိနေသေးတယ်
No comments:
Post a Comment