Monday, 13 July 2015

ငါဆိုတာ.....

ငါဆိုတဲ့ တစ်ယောက်က



ခေတ်ကာလကြီးတစ်ခုလုံးကို



ရင်ဘတ်ထဲထည့်ပြီး



ဒဏ်ရာတွေနဲ့ခရီးဆက်ခဲ့တဲ့သူပါ....။



ငါဆိုတဲ့ တစ်ယောက်က



ကျိုးပဲ့ပျက်ဆီးနေတဲ့


နှလုံးသားတွေကို ထုတ်ပိုးရင်


ကဗျာအဖြစ်နဲ့ စစ်တွေတိုက်နေရတဲ့သူပါ....



တစ်ခါတစ်ခါတော့လဲ



အဲဒီကဗျာတွေက အချစ်နဲ့ ထိတွေ့ လို့ ခံစားခဲ့ရပြန်တယ်....။



တစ်ခါတလေ



အဲဒီကဗျာတွေက အလွမ်းနဲ့ ငြိပြန်ရော့.....။



ကဗျာတွေနဲ့ချစ်



ကဗျာတွေနဲ့အသဲကွဲ



ဒီလူ ကတော့ကဗျာတွေ



နေ့ တိုင်းရေးတယ်


ရေးမယ်ရေးတယ်


အချိန်တိုင်းရေးတယ်


အမြဲတမ်းရေးတယ်


ကဗျာတွေကြားရူးသွပ်နေခဲ့လေရဲ့.....။ ။

No comments:

Post a Comment