နင်နဲ့ ပတ်သတ်ရင်
စကားလုံးတစ်လုံးကအစ
အမှတ်ရနေတယ် ဆိုတာ
နင်မသိပါဘူး.....ချစ်သူ
တိုက်ဆိုင်မှုတွေ မလိုပါဘူး
အတွေးတွေထဲ
နင်တစ်ချိန်လုံးရှိနေခဲ့တာ
နင်သိမယ်မထင်ပါဘူး.....
အရာအားလုံးပြောင်းလဲတတ်ပေမယ့်
မပြောင်းလဲတတ်တဲ့ အချစ်တွေနဲ့ 
မြတ်နိုးနေဆဲ တယ်ဆိုတာ
နင်သိတော့မှာ မဟုတ်ပါဘူး.....
မေ့လိုက်ကြပြီ ဆိုပေမဲ့
ဒို့ နှစ်ယောက်အကြောင်း
ပြန်တွေးမိတိုင်း
ကြည်နူးနေမိတာ
နင်မသိနိုင်ပါဘူး....
ငါ့နှလုံးသားက
နင်ကို တောင့်တနေရင်
ဝက်ဝံ၇ုပ်လေးပိုက်ပြီး
ငိုကြွေးနေဆဲဆိုတာ
နင်မသိနိုင်ပါဘူး...လေ..။
No comments:
Post a Comment