Saturday, 11 July 2015

အဆိပ်တစ်ခွက်တော့

လှပတဲ့  အိမ်မက်တွေဆက်မက်ဖို့ 

အတိတ်ကို မပိုင်ဆိုင်တဲ့ စိတ်နဲ့ 

မာယာတောထဲမှာ နစ်မွန်းနေတဲ့ 

ရှင်သန်ခြင်းတစ်ခုကို

ငါ.....

ဘယ်အချိန်မှ ရပ်တန့် ရတော့မလဲ.....။


နင်အပေါ်ထားတဲ့  ချစ်ခြင်းအက္ခရာကို

ဘာကြောင့် ဥပေက္ခာပြုနေရတာလဲ....။



ဒါပေမယ့်....

နင်သွားမဲ့ လမ်းကို ငါ့မျက်ရည်နဲ့  လမ်းခင်းပေးမယ်

ဒီအက္ခရာတွေပေါ်မှာ မျက်ရည်တွေ စွန်းထင်းလို့ 

အမှတ်တမဲ့ နဲ့  ဥပေက္ခာမပြုလိုက်ပါနဲ့ 

မြင်တတ်အောင်ကြည့်ပေးပါ

ချစ်သူ....။

နင်.................

သင်ကြားပြသခဲ့ တဲ့  ပြဌာန်းချက်က


အဆိပ်တစ်ခွက်တော့ မဖြစ်တန်ကောင်းဘူး......လေ...။

No comments:

Post a Comment