နင့် စိတ်ညစ်တဲ့ပြောတဲ့အခါတိုင်းမှာ
ငါကြောင့်များဖြစ်နေမလားဆိုပြီ
တိုးတိတ်စွာ တောင်းပန်နေတတ်သူလေးပါ...။
ငါပြောလိုက်တဲ့ စကားတွေထဲ
နင်နာကျင်မှု တခုလောက်ရရှိမှာကို
တွေးပူစိုးရိမ်နေတတ်သူလေးပါ............။
နင်အမှားတွေ လုပ်ခဲ့မိရင်တောင်
နင်စိတ်ညစ်ရမှာစို့ လို့ 
အပြုံးမပျက် နင်ပျှော်ရွှင်စေဖို့ 
ငါနှလုံးသား စတေးပေးရဲတဲ့သူလေးပါ.....။
No comments:
Post a Comment