Monday, 6 July 2015

နင်မမှားပါဘူး

နင်မမှားပါဘူး.....

မလာမှန်သိရက်နဲ့ 

မျှော်လင့်နေတတ်တဲ့

ငါအတွေးတွေက

မှားယွင်းနေခဲ့တာပါ.....။

နင်မမှားပါဘူး.....

နင့်သတိမရတတ်တာ သိရက်နဲ့ 

အလွမ်းတွေထဲက ရုန်းမထွက်နိုင်တဲ့

ငါရင်ဘက်တွေက မှားယွင်းနေခဲ့တာပါ...။

နင်မမှားပါဘူးဟ....

နင်မချစ်ခဲ့မှန်သိရက်နဲ့ 

ရူးမိုက်စွာချစ်ခဲ့မိတဲ့

ငါနှလုံးသားတွေရဲ့

အပြစ်တွေပါကွာ.....................။

No comments:

Post a Comment