ငါကို...သတိမရဘူးဆိုရင်...
ပြောလိုက်ပါ ငါမလွမ်းတတ်ဘူးလို့ ...။
ငါကို...ရန်မခုန်တော့ဘူးဆိုရင်
လမ်းခွဲလိုက်ပါ
ဒီထက် မလိုအပ်တဲ့မုသားတွေနဲ့ 
မနှစ်သိမ့်ပါနဲ့ ......................။
ငါကို...မချစ်တော့ဘူးဆိုရင်
ဝန်ခံလိုက်ပါ
မတောင်းပန်ပါနဲ့ 
နင့်တောင်းပန်နေခဲ့ရင်
ငါမျှော်လင့်နေမိအုံးမယ်
ဒါကြောင်း
အကောင်းဆုံးက
အတိအလင်းလမ်းခွဲခဲ့ပါ
ကျေးဇူးပြု၍
ပူသလိုလို ၊ အေးသလိုလိုနဲ့ 
မဆက်ဆံပါနဲ့ ..................။
No comments:
Post a Comment