နင့်နဲ့ တွေ့မှ သယ်ပိုးခဲ့ရတဲ့အလွမ်းတွေ
ရင်နဲ့တောင်မဆံတော့ဘူး....
သောကတွေ တစ်နင့်တစ်ပိုးကြီးပဲ
ပူလောင်မှုတွေနဲ့.......
နှလုံးသားတစ်ခုလုံးလောင်မြိုက်ကုန်ပြီး
နင့်ပေးတဲ့အားလုံးကို ပြန်အမ်းတယ်
ပြန်ယူသွားတော့....ချစ်သူ.............။
နင်နဲ့တွေ့မှ ပျောက်ရှသွားတဲ့
ငါရဲ့အနာဂတ် နင့်လက်ထဲမှာရှိတယ်
ဒါတွေ ပြန်ပေးပါ.....ချစ်သူ...........။
နင်နဲ့တွေ့မှ သုံးလို့မရတော့တဲ့
ငါရဲ့ဂုဏ်သိက္ခာတွေ...
နင်ကြောင့် ကွဲကြေသွားတဲ့
ငါ့နှလုံးသားကို ပြန်ပေးပါ...ချစ်သူ........။
No comments:
Post a Comment