နင့်ကို သံယောဇဉ်ရှိတာ
ငါ စကားလုံးတွေနဲ့  စာမဖွဲ့နိုင်ခဲ့ဘူး
ငါ့သံယောဇဉ်တွေ မမှီတာသိလို့
နင့်ကို လွမ်းတာ
ငါ့စကားလုံးတွေနဲ့  စာမဖွဲ့ နိုင်ခဲ့ဘူး
ငါအလွမ်းတွေ မပီပြင်မှာသိလို့ 
နင့်ကို ချစ်တာ
ငါစကားလုံးနဲ့  နင့်သိအောင် ထုတ်ဖော်မပြောတတ်ဘူး
ငါရင်ဘတ်ထဲက အချစ်တွေ မမှီတာ သိလို့ 
နင်ကြောင့်ဖြစ်ပေါ်လာတဲ့ ခံစားချက်
နင် သိဖို့  နားလည်ပေးဖို့ 
ငါရှင်းမပြတတ်ဘူးလေ
ငါ့ရင်ထဲက ဖြစ်ပျက်တာတွေ
နင့် တစ်နေ့ ဖောက်ထွင်းမြင်နိုင်ပါစေနော်....ချစ်သူ
No comments:
Post a Comment