Monday, 13 July 2015

နင်နဲ့ငါ့ရဲ့ဆုံတွေ့ခြင်းမှာ

နင်နဲ့ငါ့ရဲ့ဆုံတွေ့ခြင်းမှာ
မာယာတွေမပါခဲ့ပါဘူးချစ်သူ….

ရင်ခုန်သံထပ်တူကျပြီး
ရင်ဘတ်ချင်းချစ်ခဲ့တာညီမယ်ထင်ခဲ့တာပါ....

ရိုးရိုးလေးပါ...ချစ်သူ
နင့်ကို.....ငါကအရာရာထက်ပိုချစ်သလို
ငါ့ကိုလည်း....နင်ချစ်ခဲ့တယ်လို့ လေ.....


ဘ၀တစ်သက်စာထိ
တိုက်ပွဲဝင်ကြမယ်ဆိုတဲ့စိတ်ကူး
နင်နားလည်နုင်လောက်တဲ့
ကမ္ဘာဦးဘာသာစကားနဲ့
ငါပြောမိခဲ့တယ်ထင်တာပဲလေ..

ခုတော့ဘယ့်ဟာကမှားယွင်းနေလို့ လည်
နှလုံးသား နှစ်ခုက
သွေးတွေထွက်ကုန်ပြီပေါ့...

ခုလို လမ်းခွဲမှာလေ….
နင့်ရင်ထဲငါမြင်ခွင့်ရချင်တယ်ဟ..

ငါ့ရင်ထဲမှာတော့
အလွမ်းတွေနဲ့အတူ
အချစ်ပါးပါးလေးတွေ
တွဲကပ်လျှက်ရှိနေသေးတယ်

No comments:

Post a Comment