Wednesday, 15 July 2015

အမှတ်တရတွေ

မင်းကိုချစ်လို့ ပါ

- မင်းရဲ့ကြင်နာနွေးထွေးမှုတွေ ...မခံရလဲဖြစ်ပါတယ်...
  မင်းရဲ့ယုယတဲ့အနမ်းတွေ.........မခံရလဲဖြစ်ပါတယ်...
  ဒါပေးမဲ့လေ...မင်းသတိရတယ်ဆိုတဲ့...စကားလေးတွေကိုတော့...
  အမြဲမျော်လင့်ကြားချင်ခဲ့တာပါ....
- လုံခြုံနွေးထွေးတဲ့..မင်းရင်ခွင်ထဲမနေရလဲဖြစ်ပါတယ်.....
  မင်းရဲ့စောင့်ရှောက်မှုတွေ..မခံရလဲဖြစ်ပါတယ်...
  ငါနားမှာလာရောက်မနေနိုင်လဲ...ဖြစ်ပါတယ်...
  ဒါပေးမဲ့လေ...မင်းရဲ့နှလုံးသားထဲမှာတော့...
  ငါကိုအမြဲသတိရပေးပါ....
- မင်းနဲ့အတူဟိုဒီလျှောက်မသွားရလဲ...ဖြစ်ပါတယ်...
  မင်းနဲ့ အတူ နေခွင့်မရလဲ...ဖြစ်ပါတယ်...
  ဒါပေးမဲ့လေ..မင်းရင်ထဲမှာတော့ အချိန်ပြည့်သတိရပေးပါ....
- မဆုံနိုင်ကြလို့ ...
  တစ်ယောက်တနေရာဆီဝေးနေရလဲ...ဖြစ်ပါတယ်..
  ဆုံနိုင်ခွင့်ကိုတော့...
  ငါအမြဲမျော်လင့်နေခဲ့သလိုလေ...
  မင်းလဲ အမြဲကြီုးစားမျော်လင့်နေပေးပါ....

ချစ်သူ့ 

- နင်........စွဲဆောင်တာ      မဟုတ်ရပါဘူး...
              ငါကိုယ်တိုင်......စွဲလမ်းခဲ့မိတာ.....
- နင်........လှည့်စားခဲ့တာ      မဟုတ်ရပါဘူး....
              ငါကိုယ်တိုင်ရူးသွပ်ခဲ့မိတာပါ.....
- နင်.........လိမ့်ညာခဲ့တာ         မဟုတ်ရပါဘူး.....
              ငါကိုယ်တိုင်ယုံစားခဲ့မိတာပါ.......
- နင်.........ယုံကြည်ခိုင်ခဲ့တာ     မဟုတ်ရပါဘူး......
               ငါကိုယ်တိုင် ပျော်ဝင်ခဲ့မိတာပါ........
- နင်........အချစ်ကိုယုံကြည်ပါလို့ပြောခဲ့တာ     မဟုတ်ရပါဘူး....
             ငါကိုယ်တိုင် သစွ့ာတရာကို  ယုံစားမိခဲ့တာပါ.......
- နင်........ထားရစ်ခဲ့တာ   မဟုတ်ရပါဘူး......
             ငါကိုယ်တိုင်  အလိုက်တသိရှောင်းထွက်ခဲ့မိတာပါ.......
- နင်........သတိရဖို့ပြောခဲ့တာ     မဟုတ်ရပါဘူး.....
              ငါကိုယ်တိုင်မမေ့နိုင်ခဲ့မိတာပါ......
- နင်........အမှတ်တရတွေသိမ်းထားဖို့ပြောခဲ့တာ     မဟုတ်ရပါဘူး.....
              ငါကိုယ်တိုင် တန်ဖို့ထား သိမ်းထားခဲ့မိတာပါ......
- နင်........ငါအပေါ်သစွ့ာမဲ့ခဲ့တာ      မဟုတ်ရပါဘူး.......
              ငါကိုယ်တိုင်   မင်းသစွ့ာရှိအောင် မနေတတ်ခဲ့မိတာပါ.....
- နင်........လမ်းခွဲရအောင်လို့ ပြောခဲ့တာ     မဟုတ်ရပါဘူး......
              ငါကိုယ်တိုင်   ငါအချစ်ကို ပြန်ရုတ်သိမ်းခဲ့မိပါ.......

@@@@@@ ချစ်သူ့ @@@@@@

ချစ်သူ့ .......သိချင်ပေမဲ့လေ....
                မမေးရဲတဲ့  စကားလေးတွေ   ရှိနေတယ်......
ချစ်သူ့ .......ပြောချင်ပေမဲ့လေ.....
                ပြောမထွက်ခဲ့တဲ့စကားတွေ     ရှိနေတယ်.....
ချစ်သူ့ .......ကြားချင်ပေမဲ့လေ......
               မကြားခဲ့ရတဲ့..စကားတစ်ချို့ လဲ    ရှိနေတယ်.....
ချစ်သူ့ ......ပေးချင်ပေမဲ့လေ......
               မပေးလိုက်ရတဲ့အရာ  တချို့ လဲ    ရှိနေတယ်.....
ချစ်သူ့ .....မက်ချင်ပေမဲ့လေ.....
              နိုးထခဲ့ရတဲ့   အိပ်မက်တချို့ လဲ    ရှိနေတယ်......
ချစ်သူ့ ......တားချင်ပေမဲ့လေ......
              နှုတ်ဆက်လိုက်ရတဲ့   အဖြစ်တွေလဲ   ရှိနေတယ်......
ချစ်သူ့ ......မေ့ချင်ပေမဲ့လေ......
               သိမ်းဆဲလိုက်ရတဲ့  မျက်ရည်တစ်ချို့ လဲ   ရှိနေတယ်......
ချစ်သူ့ .....ကလေးဆန်ချင်ပေမဲ့လေ......
              ရင့်ကျက်လိုက်ရတဲ့အခြေအနေတစ်ချို့ လဲ    ရှိနေတယ်......
ချစ်သူ့ .....မေ့ချင်ပေမဲ့လေ.....
             မေ့မရတဲ့ဒဏ်ရာတွေ   ရင်ထဲမှာရှင်သန်လျှက်   ရှိနေပါတယ်...ခုချိန်ထိပေါ့..ချစ်သူ့ ....

you are filling for me.....

_you are tle spark of dawn...
_you are my thought each day...
_you are my ocean waves.....
_you brought me to my knees...
_you are the ache I  feel in every song...
_you're the faith that made me believe...
_Give me all your heart.....
_one spark forever yours...
_you are my waking dream....

သူစိမ်းတစ်ယောက်ပါ.......




ငါသိမ်လွမ်းနေတာ ခုလက်ရှိနင့်မဟုတ်တော့ပါဘူး
အရင်ကပေါ့ ငါကို စက္ကန့်တိုင်း ၊ မိနစ်တိုင်း 
စိတ်ပူသတိရနေတတ်တဲ့သူပါ.................။
~~~~~~~~~~~~~~~~~~
ငါသိပ်ချစ်တဲ့ သူဟာ ခုလက်ရှိနင့်မဟုတ်တော့ပါဘူး
အရင်က ငါကိုအရမ်းချစ်ခဲ့တဲ့ ပုံရိပ်တခုကိုပါ...........။
~~~~~~~~~~~~~~~~~~~
ငါလေးစားစွာ အားကိုးချစ်ခဲ့မိတာ ခုလက်ရှိနင့်မဟုတ်ခဲ့တော့ပါဘူး
ငါကို အစစအရာရာ နားလည်အလိုလိုက် သိပ်မြတ်နိုးတဲ့
ပုံရိပ်တခုပါကွာ...................................................။
~~~~~~~~~~~~~~~~~~
ခုလက်ရှိ နင့်မဟုတ်တော့ပါဘူး
ခုလက်ရှိ နင့်ကငါ့အတွက် မသိတဲ့အစိမ်းသက်သက်လူပါကွာ...!!!!!



♪☺♥ ရှင်သန်ပါရစေ..... ♥☺♪

ဘယ်သူထံမှာ မှ
ဦးမညွတ်ခဲ့တဲ့ ...ချစ်ခြင်း
ဘယ်သူထံမှာ မှ

မတောင်းခံခဲ့တဲ့...မျှော်လင့်ခြင်း

ဘယ်သူအတွက်မှာ
မထွင်းထုခဲ့တဲ့ ...ကြိုးပမ်းခြင်း...
အားလုံးရဲ့ အစုအစည်းနဲ့
မင်းကို ပေးအပ်ခဲ့တာပါ....
ကမ္ဘာ နှစ်ခြမ်းကွဲခဲ့ရင်တောင်
မင်းရှိတဲ့ ဘက်ခြမ်းမှာသာ
ငါရှင်သန်ပါရစေ.....

ခဏလောက်တောင် မုန်းကြည့်လို့မရဘူး..

ခံစားချက်တွေအသာထား
မျက်ရည်တွေဘေးပို့…
အလွမ်းတွေကိုချုပ်နှောင်ပြီး
ဒီကဗျာကိုငါရေးမယ်…..
မင်းကိုမုန်းတဲ့အကြောင်း…
တခါလောက်တော့ရေးဖူးချင်လို့…
ဟင့်အင်း…
ငါတော်တော်မကောင်းတာပဲ…
ကဗျာရေးဖို့တစ်ခဏတောင်
မင်းကိုမုန်းလို့မရဘူး…
ငါ့ကိုယ်ငါစိတ်နာတယ်…..
တွေးမိတိုင်းကြေကွဲတယ်
ငါတော်တော်မိုက်တဲ့သူ
မင်းကိုမုန်းဖို့ အတွေးဝင်လာတဲ့
ငါ့နှလုံးသားကို ငါတော်တော်နာကြည်းတယ်
မင်းကိုမုန်းဖိုတိုက်တွန်းတဲ့
ငါ့ဦးနှောက်ကို ငါတော်တော်မုန်းတီးတယ်…..
တော်ပြီ….
ငါဘယ်တော့မှမင်းကိုမမုန်းဘူး…
ဘယ်တော့မှမင်းကိုစိတ်မနာဘူး….
ဘယ်တော့မှ….
မင်းကိုမုန်းတဲ့အကြောင်း
ကဗျာမရေးတော့ဘူး……..
မင်းကိုမုန်းပစ်ဖို့ ခဏလောက်စိတ်ကူးမိသွားတဲ့ငါ့ကို
မင်းခွင့်လွှတ်ပါချစ်သူ…..
တကယ်တော့…..
ငါ….မင်းကို
ခဏလောက်တောင်မုန်းကြည့်လို့မရဘူး…
ရာခေလလေး.................................
ညရဲ့ လမင်း
ပျောက်ကွယ်လို့ မှောင်မိုက်
ဒါပေမယ့်လည်း နင်ရှိနေရင်
လသာဖို့လဲ မလိုဘူးလို့ ငါဟစ်ကြွေးခဲ့ဖူးတယ်...


ဖမ်းဆုပ် မရ
တမ်းတ ရတဲ့ ညတွေ များလာတော့
ငါ တစ်ယောက်ထဲ အလွမ်းညတွေထဲက
ရုန်းထွက်ဖို့ ခွန်အားလည်း မဲ့နေပြီ ချစ်သူ...


နှလုံးသားက မြည်ဟိန်းတဲ့
နင့်နာမည်လေး တစ်ခုနဲ့တင်
ဝုန်းခနဲ ပြိုသွားတဲ့ ရင်ခွင် နင် အသိမှတ်မပြုလဲ
ကံတရားကို အပြစ်ပုံချဖို့ ငါမကြိုးစားချင်တော့ဘူး...


လွမ်းသမျှ ပြာချပစ်နေလဲ
ခါချလို့မရတဲ့ သတိရစိတ်တွေက
အချိန်နဲ့အမျှ ဒီရေတွေလို တိုးနေမှတော့
ခံနိုင်ရည်ဆိုတာလည်း ယဲ့ယဲ့လေးပဲ ကျန်တာ သဘာဝကျပါတယ်လေ...



မမြင်ရတဲ့ သံယောဇဉ်ရယ်
ကိုင်တွယ်လို့မရတဲ့ ချစ်ခြင်းရယ်
သက်သေပြစရာမရှိတဲ့ တမ်းတခြင်းတွေနဲ့အတူ
အစမ်းသပ်ခံ နှလုံးသားအဖြစ်နဲ့ ငါစောင့်ကြိုနေမိတယ်...


နိုင်မနိုင် မသိတဲ့
ကံကြမ္မာကို လောင်ကြေးထပ်တဲ့ ပွဲ
နှလုံးသားချင်း စီးချင်းထိုးလို့ အနားသတ်တွေ မလှပတော့ရင်လဲ
ရင့်ကျက်မှု ကာရံတစ်ချပ်တော့ ကျန်ကောင်းပါရဲ့.. ချစ်သူ


တိုက်ခိုက်ကြတဲ့
သွေးထိုးစကားတွေက လေထဲကဆိုပေမယ့်
ငါ့မာနတွေ တဖျပ်ဖျပ်နဲ့ ခပ်ဆတ်ဆတ် နာလှပြီ...


ခါးခဲ့ဖူးတဲ့ ဘဝက အတ္တနဲ့ ယှဉ်ပြိုင်ပြီး
မာနတွေ ခဝါချ၊ ဘဝအတွက် ရင်းခဲ့ရတဲ့ နှလုံးသားတစ်စုံ
နင်းခြေလို့ ကြေမွ ပြာကျသွားရင်တောင် ငါ့ရင်ဘတ် တစ်စုံက
အသက်မဲ့ ရုပ်ကြွင်း တစ်ခုအဖြစ်နဲ့ နင့်ခံစားချက် ပြတိုက်ထဲမှာ
ဘောင်တော့ဝင်ခဲ့စေချင်တယ်...ချ
စ်သူ


ထုံးလိုမွှေ၊ ရေလိုနှောက်
ခေါက်ချင်ရာ ခေါက်ထားခံရတဲ့သူ အဖြစ်နဲ့
အပြုံးမပျက်နေခဲ့တာ ရင်ထဲက အချစ်တွေ
နင်မြင်ရင် အနှစ်အဖြစ် ပြောင်းလဲမလားဆိုတဲ့ မျှော်လင့်ချက် ပါးပါးလေးနဲ့
ခေါင်းငုံ့လို့ မမြင်ယောင်ဆောင် ဟန်ဆောင်ပြိး အကွက်ရွေ့လဲ
ငါဘက်ကတော့ ချစ်တယ် ဆိုတဲ့စကားထက် နင့်ကို အလေးအနက် ထားခဲ့တာပါ..


ဘဝမှာ
အလိုချင်ဆုံး ဆန္ဒတစ်ခုကို
ပြောရမယ်ဆို " နောက်ဆုံးအချစ်နဲ့လက်တွဲဖော် " ဖြစ်ချင်ခဲ့တာ..
မျှော်လင့်နေတဲ့ တစုံတရာ...
နာကျင်တဲ့ အလွမ်း...
ခါးလှတဲ့ ဥပေက္ခာ...
ရင်ထဲက ဆန္ဒ..
ယုံကြည်မှု တံတိုင်းနဲ့
ကာရံမိတဲ့ ချစ်ခြင်းတစ်စုံ..
မပြောဖြစ်တဲ့ ရင်တွင်းစကား..
ခံစားချက် အားလုံးနဲ့အတူ ဒီတစ်ညလည်း " အလွမ်းည " ဖြစ်သွားရပြန်ပြီ ချစ်သူ...။

မင်းအတွက်တော့ ငါဆိုတာ....

ငါဆိုတာ….
မင်းမျက်နှာတစ်ချက်ညှိုးရင်
ရင်ကျိုးသေမယ့်ကောင်……..
မင်းစကားသံကြမ်းရင်..
ရင်အခြမ်းခြမ်းကွဲမယ့်ကောင်…..
မင်းပျော်မယ်ဆိုရင်…
ချော်ရည်ပူတွေတောင် သောက်ပြရဲတဲ့ကောင်…….
မင်းအလိုရှိလို့……
ငိုဆိုရင်လဲ ငိုပြရဲတဲ့ကောင်…..
မင်းဘ၀လှပဖို့….
ငါ့မာနတွေတောင် လွှင့်ပစ်ရဲတဲ့ကောင်…..
တကယ်တမ်းကျတော့
ငါဆိုတာ…
မင်းအတွက်…
သုံးစားမရတဲ့
ခပ်ညံ့ညံ့ငပေါကြီးတစ်ကောင်…..
ဖြစ်တတ်ပါတယ်..
မင်း ပေါ စေချင်တဲ့အတိုင်း
ငါ ပေါပြမယ်…
စိတ်တော့မရှိနဲ့..
ငါဆိုတာ…မင်းအတွက်
ဘယ်သူတွေဘယ်လိုထင်ထင်
ဈေးကျခံပြီး ချစ်ပြရဲမယ့်ကောင်ဆိုတာ…
မင်း လက်မခံချင်လဲ လက်ခံရမှာပဲ

လွမ်းနာ


ကော်ဖီခါးခါးတစ်ခွက်ကို
ချိုဆိမ့်တစ်ခွက်အမှတ်နဲ့
ငါသောက်နေခဲ့မိတယ် ...
ပုံမှန်မဟုတ်တော့တဲ့
ရာသီဆေးဆိုးတွေဆိုတာ
ငါပျော်ရွှင်ခဲ့ဘူးတဲ့
နင့်ရဲ့အကြည့်တွေပဲနော် ...
အခုထိအထာမပေါက်နိုင်သေးတဲ့
ငါ့အတွက်
မိုးတိမ်တွေညိုမည်းလာရင်
ဒီကောင်အခုထိအမှတ်မရှိသေးဘဲ
လွမ်းလို့ကောင်းတုန်းပေါ့ ...

တတ်နိင်သမျှ

ငွေတွေရွှေတွေနဲ့ပေါ့...အိပ်မက်
မက်လှလှဖန်ဆင်းမယ်ရမလား...။
ကြယ်တွေမစုံပေမယ့်...ရောက်လာတဲ့တစ်နေ့..မင်းကို လင်းလက်စေမှာပါ...။
ငါ့ကြီးကျယ်ခမ်နားမှုမှာ...မင်းကိုခိုလှုံခွင့်ပေးချင်တာပါ..။
ဒါပေမယ့်..................။
သစ္စာတရားနဲ့ပေါ့....မေတ္တာထားသက်ဝင်လို့...မင်းအိပ်မက်လှလှမက်ပါစေ..။
ညှိုးရော်သိမ်ငယ်တဲ့ဘ၀ဟာ.....ကြယ်မစုံညများသာဖြစ်နေလေရဲ့......။
ငါ့..ထွန်းလင်းမှုတောင် ငါလိုက်ရှာလို့ပေါ့...။
မင်း..ခိုလှုံဖို့ဆိုတာက...ရင်ခွင်ကျယ်မှတစ်ပါး........။
ငါ့ကြီးကျယ်ခမ်းနားမှု ပျောက်ရှခြင်းတွေ....သံသရာရှည်လို့ပေါ့..။

ဘာမှမတတ်ရင်ဖြင့်...........။


နောက်ပိုင်းဇာတ်ကိုမကြိုက်တောင်..ပြီးအောင်ကြည့်ဖြစ်ခဲ့တယ်..။
ငိုစရာရှိလို့ငိုတယ်ထားဦး...ငိုချင်အောင်လုပ်တာတော့မကောင်းဘူးပေါ့.။
ငါ့မှာရှိတယ်ဆိုတဲ့..အချစ်ကို..မင်းလက်မခံတာထားဦး...ပျက်ရယ်ပြုတာတော့လွန်လွန်းတယ်။
မင်းမှာ..အကြင်နာတရား..ငါ့ပေါ်မထားနိုင်တာ..ထားဦး..အမုန်းခံဘ၀မှာ..ရင်နာတယ်.။
ယဉ်ယဉ်လေးရူးတယ်ဆိုဦး...ရူးရူးမိုက်မိုက်ချစ်ချင်တယ်..။
စကောလောက်မှ..ဇောက်မနက်နိုင်တော့ဘူး...ငါ့ရင်ဖွင့်ခဲ့တာ..စောလွန်းတယ်..။
ခံစားမှုရာသီ...သံသရာရှည်တာမှာတစ်ပါး..ငါ...နင့်မေတ္တာငတ်နေတဲ့ကောင်ပါဟာ.။
အချစ်ရဲ့ဒဏ်ချက်......။

လွမ်းနေရတဲ့ရက်တွေများလာတော့
နှလုံးသားတခုလုံးလည်းခံစားခဲ့ရပြီ
မက်ခဲ့တဲ့အိက်မက်တွေလည်း
နှောင်းကြိုးမဲ့ခဲ့ရပြီ......
အချိန်ရာသီတွေတရွေ့.ရွေ့.နဲ့.ပြောင်းလည်း
မပြောင်းလည်းတာငါ့ရဲ့ချစ်ခြင်း
မင်းဘာနဲ့ပစ်ခွင်းမလဲ....
အချစ်ကြောင့်ပြောင်းလည်းသွားတဲ့
ငါ့နှလုံးသား...အချစ်စိတ်ကြောင်
အချစ်ရှိုင်းတွေပေါလာခဲ့ပြီ
ဘယ်လိုလုပ်မလဲ.......
ရူးလောက်အောင်ချစ်ခဲ့မိလို့
ရူးလောက်အောင်ခံစားခဲ့ရပြီ
ငါဖြစ်နေတဲ့အရူးအမူးကို
အချိန်တွေကကုစားသွားမယ်လို့ထင်နေတာ
အခုတော့........
အချစ်ရဲ့ရေးစီးကြောင်းမှာ
သေလုမတတ်မျော်နေပြီ
မိန်းကလေး........။
ဇော်ထက်...................ဗိုလ်တစ်ထောင်

ချစ်သူအတွက်....

တိမ်တွေကို အရုပ်ရေးမိတယ်.......
စိတ်ကူးလေးနဲ့ပေါ့.....
အရောင်ခြယ်စရာလဲမလို......
အလင်းညှိစရာလဲမလိုပဲ နဂိုကတည်းကလှနေတာ......
ချစ်ရသူရဲ့ ပန်းချီကား တိမ်တွေကြားမှာ ရေးထားတယ်.....
ဘယ်တော့မှ မပျက်အောင်လေ...... သူရယ်နေတာ တွေ့မိလို့...

အခုတော့လေ....... ဆေးစက်တွေပျက်
တိမ်မဲတွေနှိပ်စက်လို့.....
ရယ်သံတွေလွင့်မျောပျောက်ကွယ်......
ချစ်သူငိုနေခဲ့တယ်လေ......။
ပင်လယ်ပြင်ကိုဆေးဆိုး အရောင်တွေ ထပ်တိုးလိုက်မယ်....
ချစ်သူငိုတဲ့ မျက်ရည် ဘယ်သူမှ မတွေ့စေချင်လို့.....
တစ်စုံတစ်ယောက်အတွက် ချစ်သူငိုနေတဲ့ အခါ
အနားမှာစောင့်ရှောက်လို့...... အငိုမရပ်သမျှ ရှိနေပါရစေ......
အငိုရပ်တဲ့အခါ .. ဘာမှ မရှိတဲ့အဖြစ်ကိုဖန်ဆင်း......
ချစ်ခြင်းတွေနဲ့ လှစေမယ်....
ချစ်သူရယ်.... ယုံလိုက်တော့နော်.......

“မင်းနဲ့လက်တွဲဖြတ်သန်းဖို့”

ချစ်သူ
ငါမြင်ချင်တဲ့မင်းရုပ်ပုံလွှာ
ကြယ်တာရာတွေကြားမှာရှာရမှာလား..?
ငါကြားချင်တဲ့မင်းရဲ့ရယ်သံ
ဆည်းလည်းလေးတွေအထံမှာ
ခွင့်ပန်ပြီး
ကြားခွင့်ရဖို့နားစွင့်နေရမှာလား..?
ငါသိပ်သိချင်တဲ့မင်းရဲ့အကြောင်း
ဘယ်လိုပုံနှိပ်ဟောင်းတွေမှာ
ရှာဖွေဖတ်ရမလဲ..?
ငါလိုချင်တဲ့မင်းရဲ့အချစ်
ဘယ်ရာစုသက္ကရာဇ်တွေထဲမှာ
နစ်နေသလဲ..?
မသဲကွဲမပီပြင်သေးတဲ့
ငါ့ဘဝရှေ့ခရီး
မင်းနဲ့လက်တွဲပြီးဖြတ်သန်းဖို့
ငါဇာတ်လမ်းတွေ
အများကြီးရေးရဦးမယ်...။

### မသိတော့ဘူး###

- အာဒံ နဲ့  ဧ၀ တို့ 
  ရိုမိယို နဲ့  ဂျုးလိယက်တို့လို့ 
  တို့တွေချစ်ခဲ့ကြတယ်လို့ ..ထင်မိတာ...
- ဒါပေမဲ့ရင်ဘတ်တစ်စုံကို
  သေချာ မမြင်နိုင်ခဲ့မိဘူး...
- မှားယွင်းမှုလား
  သက်ပြင်းတွေနဲ့  တွေဝေမှုတွေကိုပဲ
  ပိုင်ဆိုင်ခဲ့တယ်...
- မင်းပုံရိပ်ကို တွေးမိရင်
  စိတ်ထဲမှာ  လုံခြုံနွေးထွေးမှုရရှိခဲ့ပေမဲ့
- တခါတခါကျရင်
  ငါရင်ထဲကို လှည့်ကြည့်ဖို့ 
  မေ့နေတတ်တဲ့ မင်းကို
  မှားယွင်းစွာ  ချစ်ခဲ့မိလေသလား
  တကယ်ကိုမသိတော့ဘူး...ချစ်သူ..

နှလုံးသားအားနှင်းအပ်ခြင်း

နှလုံးသားအားနှင်းအပ်ခြင်း
သင့်စိတ်လိုကျ သုံးနိုင်ရဖို့
အကျွန့်နှလုံး ထုံးဖွဲ့သွေးသား
ဘ၀တစ်ထွေ လိုရာစေကာ
မာနစိတ်အား ခြေရင်းထားပြီး
ရင်မှအချစ် အနှစ်မေတ္တာ
ပေးအပ်ခါခါ ဆက်သပါမည်
မျက်မာန်ဒေါသ မုန်းမရှပဲ
ကြည်ဖြူရွှင်လဲ့ ယူလှည့်ပါတော့
ကာရန်ပိုင်ရှင် အို..သခင်။

@@@မသိခြင်းနှင့် သိခြင်း@@@

မိုးစက်များ တားဆီးမရ

ချစ်မိခြင်းများ တားဆီးမရ

သတိရခြင်းများ တားဆီးမရ

လွမ်းဆွတ်ခြင်းများ တားဆီးမရ........

မိုးစက်၊ ချစ်ခြင်း၊ လွမ်းဆွတ်ခြင်းနှင့်

မျှော်လင့်ခြင်းများ တားဆီးမရ.......
ချစ်ခြင်းရဲ့ အစ...... သိခွင့်မရ

စွဲလန်းခြင်းနိဒါန်း...... မှန်းဆမရ

တမ်းတခြင်းနှင့် အိပ်မက်

မှန်းဆရခက်..... တသက်သက်ဝေ

တစ်စက်နှစ်စက်ကြွေ..........

အော်......... မိုးရေစက်လေးတွေလိုလို

နေခြည်နွေးနွေးလေးလိုလို

ရင်ဖိုလှိုက်မော...... ချစ်ခြင်းမှာမျောလွင့်
ဘာဘဲဖြစ်ဖြစ်......

ချစ်ခွင့်လေးနဲ့ပဲ ရှင်သန်မယ်။

ချစ်ခြင်းရဲ့အခြားမဲ့.....

  မဟောင်းတဲ့အချစ်
အသစ်တွေဖြစ်ရင်း
ဒဏ်ရာတွေနဲ့ လှပခဲ့တာ
ဘာပဲဖြစ်ဖြစ်
ငါမင်းကိုစိတ်မနာဘူး…..
မင်းကြောင့်ကျတဲ့ မျက်ရည်တွေ
ငါ့အချစ်တွေနဲ့ အေးခဲစေမယ်
မင်းကြောင့်ရတဲ့ ဒဏ်ရာတွေ
ငါ့မေတ္တာတွေက ကုစားပေးလိမ့်မယ်
ငါ့နှလုံးသားရဲ့တန်ဖိုးကို
နာကြင်ခြင်းတွေကဆုံးဖြတ်ပေးလိမ့်မယ်…….
မင်းနာမည်လေးတီးတိုးရေရွတ်လိုက်ရုံနဲ့
ငါ့ဝေဒနာတွေ အဝေးရောက်သွားစေတယ်….
ချစ်သူရယ်….
ငါလေ ဆုတောင်းချင်တယ်
နင်ယုံကြည်ထိုက်တဲ့သူဖြစ်ချင်တယ်
နင်အားကိုးလောက်တဲ့သူဖြစ်ချင်တယ်
နင်ခိုနားရာငါ ဖြစ်ချင်တယ်….
နင့်ကိုအေးမြစေချင်တယ်………..
နင်တောင့်တလိုက်တိုင်း ငါဖြည့်ဆည်းပေးချင်တယ်
တကယ်တော့လေ
ချစ်ခြင်းရဲ့အခြားမဲ့မှာ ခွင့်လွှတ်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ အေးမြတဲ့မေတ္တာတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ စွန့်လွှတ်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ အနစ်နာခံခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ ပေးဆပ်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ ဖြူစင်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ………
………………………………..
….. အဆုံးမသတ်နိုင်တဲ့ ချစ်ခြင်းတွေရှိနေတယ်
ချစ်သူရယ်…
တကယ်တော့အချစ်ဆိုတာ
အချစ်ချည်းသက်သက်ပါပဲကွယ်……….

မင်းအတွက်တော့ ငါဆိုတာ....

ငါဆိုတာ….
မင်းမျက်နှာတစ်ချက်ညှိုးရင်
ရင်ကျိုးသေမယ့်ကောင်……..
မင်းစကားသံကြမ်းရင်..
ရင်အခြမ်းခြမ်းကွဲမယ့်ကောင်…..
မင်းပျော်မယ်ဆိုရင်…
ချော်ရည်ပူတွေတောင် သောက်ပြရဲတဲ့ကောင်…….
မင်းအလိုရှိလို့……
ငိုဆိုရင်လဲ ငိုပြရဲတဲ့ကောင်…..
မင်းဘ၀လှပဖို့….
ငါ့မာနတွေတောင် လွှင့်ပစ်ရဲတဲ့ကောင်…..
တကယ်တမ်းကျတော့
ငါဆိုတာ…
မင်းအတွက်…
သုံးစားမရတဲ့
ခပ်ညံ့ညံ့ငပေါကြီးတစ်ကောင်…..
ဖြစ်တတ်ပါတယ်..
မင်း ပေါ စေချင်တဲ့အတိုင်း
ငါ ပေါပြမယ်…
စိတ်တော့မရှိနဲ့..
ငါဆိုတာ…မင်းအတွက်
ဘယ်သူတွေဘယ်လိုထင်ထင်
ဈေးကျခံပြီး ချစ်ပြရဲမယ့်ကောင်ဆိုတာ…
မင်း လက်မခံချင်လဲ လက်ခံရမှာပဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

No comments:

Post a Comment