Wednesday, 15 July 2015

အမှတ်တရတွေ

သူသိပါစေ

နင်လိုအပ်ချိန်
ငါဘယ်ရောက်ရောက် ဘယ်လောက်ဝေးဝေး
ပင်လယ်ကိုကူး လှိုင်းကြမ်းဖြတ်ကျော်
တောင်တွေထွင်းဖောက် ရှေ့တော်မှောက်သို့
ခစားဖို့ငါရောက်လာမယ်..............။

နင်လိုချင်ရင်
ဘယ်လောက်ပင်ပန်း ဘယ်လိုကြမ်းတမ်းလဲ
ကြယ်စင်ဆွတ်ချွေ နတ်ပန်းမဥူရအောင်ခြူလို့
မင်းထံအရောက် ဆက်သမယ်...........။

နင့်အတွက်ဆို
နင်လိုရာစေ နင့်ရဲ့ဆန္ဒ အကုန်ပြည့်ဝအောင်
ဖြည့်ဆည်းရင်းသာ ငါ့ဘ၀ကိုပေးဆပ်မယ်...............။

နင့်နှလုံးသား နင့်စိတ်ထဲမှာ
ဒီလူတစ်ယောက် နင့်ရှေ့မှောက်၌
အသည်းအသက်နှင်းအပ်လျက်သာ
ချစ်နေတာကို
နင်သိရင်ငါ ကျေနပ်ပြီ........

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ချစ်ခြင်းဖြင့် ဖန်ဆင်းချင်သော...

ကိုယ်ပေးချင်တာက...... ယုယ ကြင်နာမှု
ကိုယ်ပေးဖြစ်တာက...... စာနာနားလည်ခြင်းနဲ့ စိုးရိမ်ခြင်းအမှာစကား
သူလိုချင်တာက.... ဘ၀နှင့် ပိုင်ဆိုင်ခြင်း
သူပေးခဲ့တာက.... ထာဝရ မြတ်နိုးခြင်းတွေဖြစ်ပေမဲ့
ကိုယ်ရရှိခဲ့တာက... သောကလေးတွေဖြစ်နေတယ်။
တကယ်တော့လေ......
သမုဒယကောင်းကင်ကြီးအောက်မှာ....
စေတနာ စမ်းချောင်းလေး စီးဆင်း
အကြင်နာပျိုးခင်းလေးတစ်ခု ဖန်ဆင်း.....လို့
မြတ်နိုးခြင်းရေစင်တွေသွန်းလောင်း
လွဲမှားခြင်းတွေ ပေါင်းသင်....
စာနာ နားလည်ခြင်းတွေကို ဖြည့်ဆည်းလို့
ပျော်ရွှင်ခြင်းတွေ သီးပွင့်စေချင်လိုက်တာ........
အတွေးတွေနဲ့ကြည်နူး...........
စိတ်ကူးလေးနဲ့ ရူးတတ်တယ်။
အချစ်အတွက်ရူးသွပ်ခြင်းတွေက ကျေနပ်ရခြင်းတွေဖြစ်.....
လွမ်းလို့ကျန်ရစ်ရသော်မှ ချစ်နေပါရစေ......။
တစ်သက်လုံး အမုန်းကို မသိချင်လို့.... ။
အသက်ရှူနေသမျှ ချစ်ချင်လို့.....
ချစ်သူနဲ့ ပတ်သက်သမျှ
မြတ်နိုးခြင်း အိပ်မက်လေးတွေ
ဆက်ကာ ဆက်ကာ မက်နေလို့.......

ပြန်လာခဲ့ပါရာခေ ရယ်......

သက်မဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လေ့လာမိတယ်...... အချက်အလက်တွေကို သိပ္ပံနည်းကျ စမ်းသပ်စစ်ဆေး အတည်ပြုမှ တစ်ချို့ သော ကိစ္စလေးတွေကို အနည်းအကျဉ်း သိရနိုင်တယ်... ဒီထဲမှာ ဟန်အမူအရာ အရ သူတို့ရဲ့ ချစ်တတ်ခြင်းတွေကို မှန်းဆမရနိုင်ခဲ့ဘူး..... ရိုးရှင်းတဲ့ အတွေးလေးတစ်ခု တွေးဖြစ်တယ်.... လူသား ကျောက်ဖြစ်ရုပ်ကြွင်းတွေလဲ ချစ်ခဲ့ကြမှာပါ......
အသက်အရွယ်အားဖြင့် လူလတ်ပိုင်း..... အများကြီးနီးစပ်ခဲ့ပါတယ်... လူ့ဘ၀ကြီးနဲ့လေ.. ရုန်းကန်လှုပ်ရှားနေကြ တဲ့ ဒီ..လောကကြီးနဲ့ပေါ့။ မသိရင်တော့ တော်တော် တည်ငြိမ်နေသလိုပါပဲ.... တခြားအကြောင်းရာတွေနဲ့ ပါတ်သက်ရင်လေ၇ာခေနဲ့ ပါတ်သက်သမျှကိုတော့ ကလေးတစ်ယောက်လို ခံစားပါတယ်..... လွတ်လွတ် လပ်လပ်ပေါ့...... ပျော်ရွှင်ခဲ့ရလို့ပါ......။
အခုလေ... စိတ်ညစ်လို့လဲ မဟုတ်၊ စိတ်ဓါတ်ကျလို့လဲ မဟုတ်ပေမဲ့... သပ်သပ်ယပ်ယပ် မနေဖြစ်ခဲ့တာ ကြာခဲ့ပြီ.. ...၇ာခေစွန့်လွှတ်သွားကတည်းကပါ။ တို့နံ့နံ့ နှုတ်ခမ်းမွှေးတွေ... ပါးမြိုင်းမွှေး... မုတ်ဆိပ်မွှေးတွေက ပိုပြီး ရင့်ရော်စေခဲ့သလား၊ ဒါမှ မဟုတ် ပိုပြီး ရင့်ကျက်စေခဲ့သလား မသိတော့ဘူး၊ ဆံပင်တွေလဲ ပုတ်သိုက်ပါပဲ.... ရင်ကိုအေးချမ်းအောင် ကျိုးစားနေခဲ့ရတော့လဲ.. ခန္ဓာ ကိုယ်ပူလောင်ခြင်းတွေကို သတိမထားခဲ့နိုင်ပါဘူး... ပူလောင်လွန်းလှတယ်၇ာခေရယ်.. ရင်ထဲမှာပါ.. မင်းကိုသတိရတိုင်းလေ။
ဘာအပြစ်မှ မလုပ်မိပေမဲ့...... ဘာဖြေရှင်းချက်မှ မတောင်းခဲ့လေတော့..... ဘာကြောင့်မှန်းလဲ မသိခဲ့ပါဘူး...... မပြောမဆိုနဲ့ ကွယ်ပျောက်သွားခဲ့တယ်... မြင်ကွင်းထဲကနေလေ...... ဒါပေမဲ့ ၇ာခေရယ်... နှလုံးသားထဲကနေ မင်းထွက်ပြေးသွားလို့ မရပါဘူး.... ချစ်တယ်လို့........ လွယ်လွယ်လေး မပြောခဲ့ပေမဲ့........ ချစ်တာထက်ပိုခဲ့ပါတယ်၊ သတိရနေတယ်လို့ မပြောခဲ့ပေမဲ့လဲ.... အချိန်တိုင်း သတိရနေခဲ့ပါတယ်...... ငယ်ငယ်ကတည်းက နှင်းလေးတွေကို ချစ်တာပါ။ ဖြူစင်တယ်...... နူးညံ့တယ်........ အေးချမ်း မှုတွေပေးတယ်လေ၊ နှင်းတွေကျနေတဲ့ လမ်းလေးမှာ လျှောက်လှမ်းရသမျှ ပျော်ရွှင်ခဲ့ရတယ်.... အချိန်တန် အရွယ်ရောက်လာတော့ လဲ နှင်းတွေဝေနေ တဲ့ နှလုံးသားလမ်းကြောင်းလေးပေါ်မှာ လျှောက်လှမ်းနေရတော့လဲ အေးမြနေခဲ့တာပါပဲ.... အခုတော့၇ာခေရေ...... ပူလောင်လွန်းလှတဲ့ ဘ၀တွေကို တ်စယောက်ထဲ ကျော်ဖြတ်နေရတယ်......
ပူလောင်ခြင်းတွေကို မနှစ်သက်ပါဘူး၊ ပူလောင်စေတတ်တဲ့ နွေမှာလဲရွက်ဝါလေးတွေကြွေတာရယ် လေညှင်းလေး တိုက်ခတ်တာရယ်.. နောက်ပြီး တောက်ပတဲ့ ကောင်းကင်ပြာကြီးမှာ တိမ်စိုင်တွေ ဝေ့၀ဲနေတာကလွဲရင် ဘာမှ မနှစ်သက်ခဲ့ဘူး၊ ရိုးတံပြိုင်း ပြိုင်းနဲ့ ရွက်သစ်တွေ ဝေစေဖို့..... ရွက်ဟောင်းတွေကို ချွေချနေတဲ့ အပင်အိုကြီးတွေဆိုရင် သိပ်မုန်းတယ်........ ရက်စက်တဲ့ အပင်ကြီး လို့ ခံစားရတယ် ၇ာခေရယ်......။
တောက်ပတဲ့ မျက်ဝန်းတွေကို ပြန်လိုချင်မိတယ်....၇ာခေပြန်လာရင် ရမှာပေါ့နော်... မျှော်လင့်ချက်တွေပြည့်နေတဲ့ ကိုယ့်ရဲ့ အရင်က တောက်ပတဲ့.. မျက်ဝန်းတွေလေ။ နောက်ပြီး ဆံပင်တွေကိုလဲ တစ်ခါလောက် သပ်သပ်ရပ်ရပ် တစ်ခါလောက် ... ပြန် ညှပ်ချင်တယ်... မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးနဲ့ ပါးမြိုင်းတွေကိုလဲ ရိပ်သင်ချင်မိတယ်... မေနှင်းနဲ့ လျှောက်လည်တဲ့အခါ အမြင်သင့်တော်စေ ဖို့လေ..... စိတ်ကူးလေးထဲမှာ အကြိမ်ပေါင်းများစွာ..... ဘုရားတွေ အတူဖူးဖြစ်တယ်.... အလှူအတန်းတွေကိုလဲ စိတ်လိုလက်ရ လုပ်ခဲ့ ရတဲ့ အကြိမ်ပေါင်းလဲ အများကြီးပါပဲ..... တကယ်တမ်းမှာတော့၇ာခေရေ... ရက်စက်သွားသူ မင်းက ကိုယ့်နှလုံးသားမှာ အကြိမ်ပေါင်း များစွာ ဝေခဲ့တဲ့ နှင်းလေးတွေမှ ဟုတ်ရဲ့လား.. ....လို့။
၇ာခေကို တမ်းတမိတဲ့ အချိန်တွေက.... စက္ကန့်လေးတွေကို ခရီးတစ်ဆုံးဆန့်လို့ရတဲ့အထိ ရှည်လျား လှပါတယ်. ... ဖြတ်သန်းဖို့ အားအင်တွေ ကုန်ခမ်းနေပြီကွာ..... ပြန်လာပါတော့..... တစ်ခါက ချစ်ခဲ့ဖူးတယ် ဆိုတဲ့ ငဲ့ညှာခြင်းတွေကို သတိရရင်ပြန် လာခဲ့ပါနော်...
အရောင်၊ အဆင်း၊ အနံ့၊ အရသာတွေနဲ့ ခံစားမှု အာရုံတွေမှာ ၇ာခေမရှိတော့....... ဘာမှလဲ မသိတော့ဘူးလို့ ... ခံစားမိတယ်....
ဘာဘဲဖြစ်ဖြစ်၇ာခေရေ...... မကျေနပ်တာတွေကို ရှင်းပြခွင့်ရရင် ရှင်းပြချင်ပါတယ်..... ဒီလိုမှ မဟုတ်ရင်လဲ ...... ရှင်သန်ခြင်းတွေကိုပါ တစ်ခါတည်း ယူဆောင်သွားပါ..... ၇ာခေမရှိတဲ့ဘ၀မှာ အသက်မရှင်ချင်လို့..... ရပ်တည်နိုင်စွမ်းမရှိလို့ပါ...... ။
အခုလေ..... မိုးတွေရွာနေတယ်..... ၇ာခေရဲ့ လက်ဖ၀ါးလေးကို ကိုင်ပြီး ဒီမိုးရေတွေထဲမှာ အတူလျှောက်ချင်နေ တယ်..... လက်မောင်းကို ကိုင်ရတာနဲ့ စာရင် လက်ဖ၀ါးကို ကိုင်ထားရတာ ပိုပြီး အားပြည့်တယ်၊ နွေးထွေးမှုတွေကို တိုက်ရိုက်ခံစားရ တယ်.... လို့ ၇ာခေပြောခဲ့ဘူးတယ်လေ...... မိုးတွေကလဲ အဆက်မပြတ်ရွာနေတယ် ၇ာလေရေ.... တို့နှစ်ယောက်ကိုများ စောင့်နေ တာလားလို့... မေးလိုက်ချင်ပါတယ်...။ တွေ့ရာ မြင်ရာကိုလဲဘာမှ သတိမထားမိခဲ့ပါဘူး....... ကိုယ့်ရဲ့ မျက်ကြည်လွှာလေးမှာ ၇ာခေ အရိပ်ကလေး ကွယ်နေလို့.......။
မကြာခင်မှာ မိုးကြီးချုပ်တော့မယ်နော်...... ကြယ်တွေကို တိုင်တည်ရင်း.... စပယ်ပန်းလေးတွေကို... တိုင်တည်ရင်း နဲ့ နှလုံးသား ထဲမှာ တစ်ယောက်ထဲ စကားတွေ ပြောဖြစ်ဦးမှာပါ...... ညတိုင်း ပြောနေကျပဲလေ.....။
တကယ်လို့ ၇ာခေရေ....... တစ်ခေါက်လောက် ပြန်လာနိုင်ခဲ့ရင်..... ကိုယ်လေ.... လွမ်းလို့ တိတ်တိတ်လေး ကျခဲ့တဲ့ မျက်ရည်တွေကို သိမ်းထားချင်ပါတယ်.. ဘယ်လောက်များခဲ့သလဲဆိုတာ ပြချင်လို့ပါ.. ရင်နဲ့ အပြည့် ချစ်ရပါတယ်... ချစ်သူရယ်။
ကျွန်တော့်ချစ်သူ......... ကျွန်တော့်ကို ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ချန်ထားရစ်ခဲ့တယ်လေ...... သူ ချန်ထားရစ်တဲ့ ဒီအချိန်တွေမှာ ကျွန်တော် အဲဒီလို ဖြတ်သန်းပြီး..... အဲဒီလို လွမ်းနေမိတယ်. သူ မြန်မြန် ပြန်လာပါစေ..... နွေးထွေးတဲ့ အကြင်နာတွေ ကို အေးမြခြင်းတွေအဖြစ် ပြောင်းလဲ ရယူပါရစေလို့........ ကျွန်တော် ဆန္ဒပြုမိပါတယ်.....

မပြန်ချင်ပေမယ့်လည်း....

နင့်ရဲ့အနားရှိနေတဲ့ခဏ
နင့်အပြုံးတွေငေးကြည့်နေရတဲ့ခဏ
နင့်ရင်ခုန်သံကိုနားစွင့်နေရတဲ့ခဏ
နင့်ရယ်သံတွေနဲ့အတူ
ကြည်နူးနေရတဲ့ခဏ…
ငါအရာအရာကိုမေ့သွားတယ်……..
ငါမပြန်ချင်ဘူး…..
ငါငေးကြည့်နေချင်သေးတယ်
ငါနားစွင့်နေချင်သေးတယ်
ငါကြည်နူးနေချင်သေးတယ်…
ဒီထက်မပိုပါဘူး..
ငါကျေနပ်တယ်
ငါ့အတွက်လုံလောက်တယ်
နင့်အနားရှိနေရတဲ့တခဏတွေကို
ခဏလောက်ရပ်တန့်ထားလိုက်ချင်တယ်…
သဘာဝတရားကြီးကိုတောင်းပန်ချင်တယ်
ကျေးဇူးပြုပြီးတော့….
ခြားနားထားတဲ့မိုင်များစွာကိုတိုက်စားပေးပါ……….
ဝေးဝေးကလွမ်းရတဲ့နေ့တွေကိုရပ်တန့်ပေးပါ…….
သူ့အနားမှာရှိနေခွင့်ပေးပါ……
သူ့အပြုံးတွေ ပိုင်ဆိုင်ခွင့်ပေးပါ………..
ထာဝရအတွက် သူ့ရင်ထဲမှာ
ကျွန်တော့်ကိုနေခွင့်ပေးပါ……
ဖြည့်ဆည်းပေးပါ…
အားလုံးကိုပြောပြချင်တယ်ဗျာ
ကျွန်တော်မပြန်ချင်သေးဘူး…………။

မကြောက်နဲ့ ပြန်လာခဲ့တော့

..........................................................................................................................................
 
 
 
.မိန်ကလေး....

မင်းဟာ..ငါ့ရင်ခွင်တံခါးကို ဘယ်သူမှမခိုင်းပဲ ခေါတ်ခဲ့တယ်...

ငါ့ခွင့်ပြုချက်မရပဲ ငါ့ဘဝထဲကို ခပ်တည်တည်နဲ့ ဝင်လာခဲ့တယ်..

ငါ့ရဲ့တွေးခေါ်တက်တဲ့ဦးနှောက်တွေဟာလဲ မင်းရဲ့ညှို့မျက်လုံးတွေကြောင့်

ငါ့ရဲ့စကားကို နားမထောင်တော့ဘူးကွာ.....

ငါ့နှလုံးသားတစ်ခုလုံးကိုလဲမင်းရဲ့အကြင်နာတွေနဲ့တုတ်နှောင်ထားလို့ ငါ့ဘဝကြီး တစ်ခုလုံး မင်းကို အပိုင်ပေးမယ်လို့ဆုံးထာတဲ့ အချိန်မှာတော့

မင်းက ဘာမှ မသိသလို မျက်နှာပေးနဲ့ ထွက်သွားတော့မယ်ပေါ့လေ...

မင်းထွက်သွာတာအရေးမကြီးဘူး..ငါ့ဘဝကြီးဟာ အခုမင်းမရှိတော့

မွေးခါနီးဝက်မကြီး အသိုက်ဆွဲထားတဲ့နေရာကို ကြက်ယက်သွားသလိုပဲ..

စုတ်ပြတ်နေခဲ့ပြီကွာ..

မင်း ဘာ့ကြောင့် ထွက်သွားရတာလဲကွာ..ကလေးတွေအများကြီးမွေးမယ်ပြောလို့လား...

ပထမဦးဆုံး မွေးတဲ့ကလေးကို သိုင်းသင်ပေးပြီး မကျေနပ်တဲ့သူတွေကို ချခိုင်းမလို့...

ငါ့အိမ်မက်တွေ မင်းမရှိတော့ဘယ်သူကူညီမှာလဲ အဲဒါသယ်ရင်းတွေလဲ ကူမှာဟုတ်ဘူး..

သားလေး မမွေးပဲ သမီးလေးမွေးရင် ပြန်သွင်းမယ် လို့လဲ ငါမပြောဘူးနော်..

မင်းကြိုက်တာမွေး အဓိက က မင်းပြန်လာဖို့ပဲ ...........

မင်းပြန်မလာရင် လစ်ဟာသွားတဲ့ ငါ့ရင်ခွင်ကို တခြားမိန်ကလေးတွေ အမျာကြီးဝင်လာရင် ငါမျက်ခုံးလှုပ်လို့ပါ(ဆင်ခြေရာခွက်ထဲ မိုးရေတွေ ဝင်သလိုပေါ့)

ငါကြောက်တယ် နင်မြန်မြန်ပြန်လာခဲ့တော့နော်..........

စိတ်ကတိုတို

ကီးဘုတ်ကအိုအိုနဲ့

စာတိုတိုပဲရေးမလို့ဟာ များသွားပြီ (ပြန်လာခဲ့ ဒါပဲ)

ကျွန်တော်နှင့်သူမ

ရင်ခုန်သံတွေပြွတ်သိပ်ထည့်ထားသောဆာလာအိတ်ကြီးနှင့်သူမအနားသို့ သွားခဲ့ဖူးသည်။
သူမသည် ရင်ခုန်သံများထက်ပို၍လှပါသည်။
ရင်ခုန်သံဘယ်လိုလှသလဲ ကျွန်တော်မသိပါ.. သို့သော်သူမသည်ရင်ခုန်သံများထက် အသေအချာပို၍လှပါသည်..
"ဟိတ် ကောင်မလေး……… ကိုယ့်ရင်ခုန်သံတွေမင်းတစ်ယောက်တည်းအတွက်ပရိုမိုးရှင်းချပြီး အလကားပေးချင်တယ်.. ရော့ "
ကျွန်တော် နားမလေးသော်လည်းသူမသည်ကျွန်တော့်အားနားလေးသူဟုထင်ပုံရပါသည်။
အကျယ်ကြီးပြန်အော်ပါသည်..
အကျယ်ကြီး.. အကျယ်ကြီးဟုပြန်ပြောခြင်းတော့မဟုတ်ပါ။ သို့သော် .. အကျယ်ကြီးပြန်အော်ပါသည်..
"ဘာရှင့် ………. ရှင်ကျွန်မကိုဘယ်လိုမိန်းမစားမှတ်လို့လဲ ......."
အဲဒီမေးခွန်းကိုမိန်းခလေးတိုင်းမေးတတ်ပြီးယောက်ျားလေးတိုင်းမှန်ကန်အောင်မဖြေတတ်ကြောင်း ကျွန်တော်အသေအချာသိပါသည်။ ငြင်းလိုသူများ ၁၉၉ သို့ ဖုန်းဆက်၍ငြင်းနိုင်ပါသည်။…..
"အဲ .. အဲလိုတော့ကွန်တော် ဈေးမဖြတ်တတ်ဘူးဗျ.. ခင်ဗျားပဲပြောပြပါ.. တစ်ခါတည်းရောင်းဈေးပဲ
ပြောလိုက်တော့ ….."
"ဘာ .. ရှင် .. ရှင် ........."
ထမင်းမစား၇သေး၍ထင်ပါသည်သူမ အသားများပင်တုန်၍နေပါသည်။
"ရှင်မျက်နှာရူးလှချည်လား .. ဟင်..........."
"ဗျာ .. ကျွန်တော်မျက်နှာအကောင်းကြီးပါ .. ဒါပေမယ့် အသစ်တော့မဟုတ်ဘူး အဟောင်း ..
အဲဒီလိုပဲ ကျွန်တော့်ခနာကိုယ်လည်းအဟောင်းကြီးပဲ ..
ပြီးတော့ ဆေးပညာ ရပ်မှာလည်း မျက်နှာတစ်ခုတည်းကွက်ပြီးရူးတာ တော့မကြားမိသေးဘူး..
ပြီးတော့ ရူးတဲ့သူဟာကိုယ့်ကိုယ့်ကို ရူးမှန်းမသိဘူး .. "
ဆက်ပြောသောစကားသည်မြန်မာစကားဖြစ်ကြောင်းသေချာပေါက်လောင်းရဲပါသည်။
"ဒီမှာအောင်အောင် ….ရှုင့်ကို ရှင်းရှင်းပဲပြောမယ် .. ကျွန်မမှာချစ်သူရှိတယ် သူက ဗိုလ်ကြီး"
"သြော် .. ဗိုလ်ကြီးအဆင့်ပဲ ရှိသေးတာကိုး .. "
"ဘာ……… ဘာပြောတယ် .. တော်ပြီရှင့်လို ကောင်နဲ့ ဆက်ပြောစရာအကြောင်းကိုမရှိဘူး……….. ရှင့်ကိုမုန်းတယ် ……… "
"ဟုတ်ကဲ့ .. ကျွန်တော်လည်းရည်းစားစကားမပြောရသေးပါဘူး ……… "
သူမတောက်ခေါက်ပါသည်
မခေါက်တတ်၍ "ကလောက် "ဟုမည်ပါသည်…………………
ဒါပါပဲ ……
သို့သော် … ကျွန်တော်အသည်းကွဲပါသည် ..
ဆရာဝန်ကတော့ အသည်းပုံမှန်အလုပ်လုပ်ပါသည် ။နှလုံးခုန်နှုန်း မြန်မြန်နေတတ်တာ ကတော့ သတိထားရမည်ဟုပြောပါသည်…
မည်သို့ပင်ဖြစ်စေ …….. ဇွတ်ဒရွတ်ကို အသည်းကွဲပြစ်လိုက်ပါသည်။
အသည်းအကွဲကြီးနှင့် ထမင်းစားရတာ မကောင်းလှပါ…
သို့သော် ဒီတိုင်းထားလိုက်ပါသည်။ ဒီအတိုင်းထားလိုက်သည်ဟုပြော၍ဟိုအတိုင်းမထားလိုက်ပါ။
ကံကော်ပွင့်များကိုမြင်တိုင်းသူမကို ရော၍မြင်တတ်ပါသည်။
သူမသည် "လူမ "ဖြစ်၍ကံ့ကော်ပွင့်နှင့် ဘာမှမဆိုင်ပါ..
ဘာမှမဆိုင်ကြောင်းကျကျနနသိသော်လည်း လွမ်းပါသည်။တကယ်တမ်း
ကျကျ နန သည် ဘာကိုပြောမှန်းမသိပါ.. ကျကျ နှင့် နနကိုပြောတာဖြစ်နိုင်သည်ဟု
တော့မရေမရာတွေးမိပါသေးသည်။
ခြောက်နှစ်ကြာခဲ့ပြီ……….
ကျွန်တော့် အသည်း အကွဲကြီးသည် ရှေးဟောင်းပစ္စည်းအဖြစ်
ကြိုက်ဈေးခေါ်၍ရသွားပါပြီ။ကောင်းပါသည်။
သို့သော် ကျွန်တော်ရောင်း၍မရပါ။
ဒီမြို့ ကလူတွေ မ၀ယ်နိုင်သောကြောင့်ဖြစ်ပါသည်။…

နောက်ဆုံးကျမှ ရေးမဲ့ကဗျာ.

ကဗျာတစ်ပုဒ်ရေးပေးပါ........တဲ့
အဲဒီ ကဗျာလေးထဲမှာ.....
ကာရံတွေလဲ ညီပါစေ...
ပီတိတွေလဲ စီးဝင်စေ...
ဖတ်နေရင်းနဲ့.....
သန့်ရှင်းတဲ့ အချစ်များလဲ
ခံစားရရှိနိုင်ပါစေတဲ့.....။
...............................
တစ်ခါတစ်လေမှာ
တေးသံတွေ ကြားယောင်ရင်း
ခါးသက်ခြင်းတွေပျောက်ဆုံးလို့
ချစ်သမျှအကြောင်း
မဟောင်းအောင် ရေးပေးပါတဲ့.....
.................................
ချစ်သူကို လွမ်းသမျှ
တမ်းတရတဲ့ အကြောင်း
နောက်ပြီး ကြည်လင်တဲ့ညမှာ
တစ်ယောက်ထဲ စဉ်းစား
ချစ်သူအနားကိုရောက်
သောကတွေပျောက်နေတယ်ဆိုတဲ့အကြောင်း......တဲ့
....................................
ကြည်လင်လှပ
ဘ၀ရဲ့ ည ကောင်းကင်ကြီးထဲမှာ
ကြယ်လေးလိုပဲဖြစ်ဖြစ်
လမင်းကြီးပဲဖြစ်ဖြစ်
ကြယ်ရောင် လရောင်တွေကြားထဲမှာ
စီးမျောသွားနေတဲ့ တိမ်ဆိုင်တွေပဲဖြစ်ဖြစ်
လေညှင်းလေးပဲ ဖြစ်ဖြစ်
ပန်းရနံ့လေးပဲ ဖြစ်ဖြစ်
ညရဲ့ သံစဉ်လေးပဲဖြစ်ဖြစ်
မျှော်လင့်မိတယ်ဆိုတဲ့အကြောင်း........
ကောင်းကောင်းလေး ရေးပေးပါ.....
သိပ် မြတ်နိုးရတာကိုလဲ
ဖတ်နေရင်းနဲ့ သိပါစေတဲ့..
..................................
သူ ခိုင်းသမျှ
ရေးပေးချင်မိပါတယ်......
..............................
ဒါပေမဲ့ကွယ်.......
သူရည်ရွယ်တာက
တခြားတစ်ယောက်ဖြစ်နေတော့.....
ကိုယ်ရေးချင်တဲ့ ကဗျာလေးနဲ့
ထပ်တူညွှန်းဖွဲ့
ရေးရမှာလဲခက်
တွေးရမှာလဲခက်
ပင့်သက်လေးပဲ ချမိတယ်.....
..................................
ကိုယ့်ကို နားလည်ပေးပါနော်.....
ချစ်သူရေးစေချင်တဲ့ကဗျာ
အခုလေ..
ကာရံတွေလဲ မလှတော့ဘူး။
ခံစားချက်တွေသွပ်သွင်းပေမဲ့
ညလေညှင်းလဲ မအေးတော့ဘူး....။
တစ်ခုပဲရှိတော့တယ်.....
မျက်ရည်ကိုမှင်အဖြစ်နဲ့
ရေးဖွဲ့ဖြစ်မယ်ဆိုလျှင်တော့
ဒါပေမဲ့..... ချစ်သူရေ
မင်း စိတ်မပူပါနဲ့နော်.....
ချစ်သူ စိတ်ချမ်းသာစေဖို့
နောက်ဆုံး ထွက်သက်တွေရှူရှိုက်ရင်းက
လှပတဲ့ကဗျာလေးတစ်ပုဒ်
အဟုတ်ကို ရေးဖွဲ့ပေးပါ့မယ်....
ကိုယ်ရဲ့ နောက်ဆုံး အချိန်မှာလေ.......။
ရေးကောင်း ရေးဖြစ်မှာပေါ့နော်.....။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

No comments:

Post a Comment