Monday, 6 July 2015

ဖော်ပြလို့မရတာတွေ

ဝေယံထက်မှာ.....

ညတိုင်းလ မရှိပေမဲ့

ကိုယ်ရင်ထဲမှာ

လတစင်း အမြဲရှိတယ်

ပင်လယ်ပြင်မှာ.....

လှပတဲ့ ငါးတွေ

အမြဲမရှိနိုင်ပေမဲ့

ကိုယ်ရင်ထဲမှာ

အဆုံးသတ်မရတဲ့

အချစ်တွေ အမြဲရှိတယ်

ချစ်ရတဲ့ ချစ်သူကမရိပ်မိခဲ့ပေမဲ့

ကိုယ်ရင်ထဲမှာ

ဖော်ပြလို့တောင် မရတဲ့

အလွမ်းတွေ ပြည့်သိမ်းနေတယ်.....

No comments:

Post a Comment