Monday, 13 July 2015

အရူးမ

အရူးတစ်ယောက်က

ကောင်လေးတစ်ယောက်ကိုချစ်မိတယ်

ခံစားချက်တွေကို သူနားလည်ဖို့ 

အမျိုးမျိုးလုပ်

အမျိုးမျိုးရေး........

အမျိုးမျိုးအကြောင့်ပြ.....

ကောင်လေးလဲမသိ၊

ဘယ်သူမှလဲမသိ

ဘာကိုရေးထားမှန်းလဲမသိ။

ဘယ်အချိန်ကြည့်ကြည့်

ရေးနေတယ်

အချစ်ကဗျာလေးတွေရေးနေတယ်.....

အလွမ်းကဗျာလေးတွေရေးနေတယ်...

တောင်တွေနဲ့ ပင်လယ်

ကန္တာရနဲ့ မြက်ခင်း

မြတ်နိုးခြင်းနဲ့ သီချင်းသံ

နောက်ဆုံးတော့

ဘာတွေလဲဘာတွေလဲ

ကာရံလဲမညီ

ဟန်လဲမရှိ

မာန်လဲ မရှိ

တစ်ခုတော့ သိတယ်

သူ......လေ

ကောင်လေးကို အရမ်းချစ်နေတယ်............

No comments:

Post a Comment